New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း (၁၀)ရက်ကြာ ဖွင့်လှစ်မည့် အပတ်စဉ်-(၂၄) သင်တန်းဖွင့်ပွဲ ကို (၁-၁၂-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

ဦးစွာ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ – နိုင်သလောက်ကြိုးစားကြပါ ၊ အားပေးရင်းတတ်နိုင်သလောက် ဝိုင်းဝန်းပေးသွားမှာဖြစ်ကြောင်း ၊ ထိုင်းဥပဒေရွှေ့ပြောင်းအလုပ်သမား ဥပဒေတွေ ကိုလည်း သင်မျှဝေပေးမှာဖြစ်ကြောင်း ၊ ပေါင်းသင်းဆက်ဆံရေးအသိုင်းအဝိုင်းကိုလည်း ချဲ့ကြဖို့မှာချင်ကြောင်း ၊ New Myanmar Foundation ကူညီထောက်ပံ့နေမှုများ ကို ရှင်းပြပြီး စနစ်တကျ လျှောက်လွှာတင်ရယူနိုင်ကြောင်း နှင့် အားပေး ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ WLRC ၏သင်တန်း ဖွင့်လှစ် ပေး ရခြင်း ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြသော သင်တန်းသူ / သား (၈) ဦး ကို ကြိုဆိုကြောင်း ၊ ကိုယ့်နိုင်ငံအရေး တွေကို အဆက်မပြတ်ပံ့ပိုးကူညီကြရန်အတွက် အထည်ချုပ်ပညာကို အလေးအနက်ထား လေ့လာသင် ယူကြစေလို ကြောင်း ၊ အထည်ချုပ်ပညာသည် နိုင်ငံတကာမှာလည်း အသုံးပြုနေကြရတာမို့ ကြိုးစားသင်ယူရင်း ရှေ့ခရီး ဆက်ဖို့ တိုက်တွန်းချင်ကြောင်း ၊ မောင်နှမ အရင်းတွေလို အချင်းချင်းစောင့်ရှောက်ကြရင်း ဗဟုသုတဖလှယ်ရင်း စည်းကမ်းရှိစွာနဲ့ နေထိုင်သွားကြရန် မှာချင်ကြောင်းပြောခဲ့ပါသည်။

သင်တန်းသားများမှလည်း တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ပါသည်။

အခမဲ့အခြေခံ လျှပ်စစ် မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့် အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး စသည့် သိထားသင့်သည့် အသိ ပညာများကိုလည်း ဝေငှပေးသွားမည် ဖြစ်ပါသည်။

အခြေခံ မော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Asia Democracy Network – ADN နှင့် Australian Aid ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

en_USEnglish