2024 ခုနှစ် ဖေဖော်ဝါရီလ 20 ရက်နေ့တွင် လူမှုတရားမျှတမှုဆိုင်ရာ အသိပညာပေးမှုကို မြှင့်တင်ရန် ရည်ရွယ်၍ Women Lead Resource Center (WLRC) နှင့် Youth Empowerment မှ World Day of Social Justice Campaign ကို အွန်လိုင်းမှ ကျင်းပပြုလုပ်ခဲ့ပါသည်။ တက်ရောက်သူ ၂၀ ကျော် ရှိခဲ့ပြီး ကျားမတန်းတူညီမျှမှု၊ လူမျိုးရေးတရားမျှတမှု၊ LGBTQ+ အခွင့်အရေး၊ စီးပွားရေးမညီမျှမှုနှင့် သဘာဝပတ်ဝန်းကျင်တရားမျှတမှုတို့နှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ကမ်ပိန်းတွင် စေတနာ့ဝန်ထမ်းလုပ်ဆောင်မှု၊ မူဝါဒရေးရာ ထောက်ခံအားပေးမှု၊ နှင့် ဘေးဖယ်ထားသော ရပ်ရွာလူထုများအတွက် ပံ့ပိုးကူညီမှုကဲ့သို့သော လူထုအကျိုးပြု လုပ်ဆောင်ချက်များတွင် ပါဝင် ပံ့ပိုးပေးရန် အဓိက လှုံ့ဆော်ခဲ့ကာ တက်ရောက်သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ကမ်ပိန်းအစီအစဉ်ကို ရပ်နားခဲ့ ပါသည်။


