၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကမ္ဘာ့ကလေးများနေ့ (World Children Day) အထိမ်းအမှတ်အဖြစ် Women Lead Resource Center မှ ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းကျောင်းတစ်ကျောင်းတွင် တက်ရောက်နေသော ရွှေ့ပြောင်းကလေး (၃၀) ကျော်အား မုန့်ဟင်းခါး အာဟာရ ကျွေးမွေး ခဲ့ ပါသည်။ ဤအစီအစဉ်သည် ကလေးငယ်များအတွက် အာဟာရပြည့်ဝသော အစားအစာများ ထောက်ပံ့ပေးရန်နှင့် အစားအသောက်မလုံခြုံခြင်းနှင့် အခြားစိန်ခေါ်မှုများကို ကြုံတွေ့ရလေ့ရှိသော ချို့တဲ့သည့် ကလေးငယ် များအတွက် ပျော်ရွှင်မှု ဆောင်ကြဉ်း ပေးရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
အာဟာရပြည့်ဝသော အစားအစာများ ကျွေးမွေးခြင်းနှင့် ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များ ပြုလုပ်ပေးခြင်းဖြင့် ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာချမ်းသာမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး လူမှုအသိုက်အဝန်းနှင့် ပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်ပေးပါသည်။ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် သာကလေးများအားလုံး ရှင်သန်ကြီးထွားရန် လိုအပ်သော လိုအပ်ချက်များ နှင့် အခွင့်အလမ်းများကို ရရှိစေနိုင်ပြီး ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။








