New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၂၆) သင်တန်းဆင်းပွဲကို (၁၁-၁-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Centerတွင်ကျင်းပပြုလုပ်ခဲ့ကြရာသင်တန်းကို အောင်မြင် ပြီး‌မြောက်သည့်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ/သင်တန်းသား (၁၂) ယောက်ကို New Myanmar Foundation ၏ တာဝန်ခံ ဒေါက်တာစန်းအောင်မှ အသိုင်းအဝိုင်းတွေချဲ့နိုင်လာကြသလို တန်ဖိုးရှိတဲ့သူတွေ အဖြစ်ကြိုးစားနေကြတာ တွေ့ရလို့ ဂုဏ်ပြုကြောင်း ၊   New Myanmar Foundation ၏ ကူညီပံ့ပိုးနေမှုများ ရှိသည်ကို ရှင်းပြပြီး စနစ် တကျရယူနိုင်ပါကြောင်း ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သူတွေအဖြစ် ဘဝကိုတည်ဆောက်ကြတော့ မှာမို့ အားပေးချင်ကြောင်း ၊ ကိုယ်က ပြန်ပြီးကူညီနိုင်သူတွေ ဖြစ်အောင် တဆင့်မြှင့်ကြဖို့ တိုက်တွန်းပါကြောင်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ အလုပ်ခွင့်ဝင်ရောက်တော့မယ့် သင်တန်း သူ/သားတွေ အနေနဲ့ အောင်မြင်သည်ထက်အောင်မြင်အောင် ရှေ့ဆက်ရင်း ကြိုးစားသွားကြဖို့ အားပေးကြောင်း ၊ ဖုန်းနှင့် Group တွေက တဆင့်ဆက်သွယ်ခြင်း ၊ တိုင်ပင်ခြင်း ၊ ဗဟုသုတတွေမျှဝေကြဖို့ လိုပါကြောင်း ၊ ရောက်ရှိသွားတဲ့နေရာတိုင်းမှာ ကိုယ့်ဂုဏ်သိက္ခာ နိုင်ငံဂုဏ်သိက္ခာအတွက် တန်ဘိုးထားနေထိုင်ကြဖို့ တိုက်တွန်းလိုပါကြောင်း အားပေးပြောကြားခဲ့ပါသည်။

သင်တန်းတက်ရောက်သူ သင်တန်းသူ/သားများကလည်း သင်တန်း၏ အားနည်းချက် အားသာချက်များကို ဆွေးနွေး တင်ပြကြပါသည်။

အခမဲ့ အခြေခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –

၁။ လူ့အခွင့်အရေး၊

၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊

၃။ အမျိုးသမီးအခွင့်အရေး၊

၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊

၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊

၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း များကိုပါမျှဝေခဲ့ပါသည်။

သင်တန်းဆင်းပြီးနောက် သင်တန်းသူ/သား (၁၂)ဦးကိုလည်း အလုပ်ခွင်သို့ ပို့ဆောင်ပေးခဲ့ပါသည်။

အခမဲ့အခြေခံမော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Smile Project နှင့် Australian Aid ကိုလည်း ကျေးဇူး အထူးတင်ရှိပါသည်။

en_USEnglish