1-4-2022 ရက်နေ့တွင် New Myanmar Foundation နှင့် WLRC (Women Lead Resource Center) တို့မှ ကြီးမှုး၍ အမျိုးသမီးများအလုပ်အကိုင်ရရှိရေး ၊ အမျိုးသမီးတို့ ဘဝတိုးတက်မြင့်မားရေးအတွက် အခြေခံ မော်တာစက်ချုပ် သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်း ဖွင့်ပွဲသို့ NMF မှ Executive Director Dr. Sann Aung မှ အဖွင့်အမှာ စကားပြောကြားပြီး ဧည့်သည်တော် Dr. Soe Win Oo၊  သင်တန်း တာဝန်ရှိသူများ ဖြစ်ကြသော WLRC မှ Project Manager Mai Hnin Wit Yi၊ သင်တန်းဆရာမ မထနောင်းနှင့် Landesa မှ တာဝန်ရှိသူများမှလည်း တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

Dr Sann Aung မှလည်း သင်တန်းကို ကြိုးကြိုးစားစား သင်ယူကြရန်နှင့် သင်တန်းပြီးဆုံးပါက လုပ်ငန်းခွင်သို့ ဝင်ရောက်နိင်ရန် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းသူများမှလည်း သင်တန်းဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

en_USEnglish