New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း (၁၀)ရက်ကြာ ဖွင့်လှစ်မည့် အပတ်စဉ် -(၂၆)သင်တန်းဖွင့်ပွဲကို (၂-၁-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ကြပါ သည်။
ဦးစွာ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်က
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် တည်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ ရောက်ရှိလာကြတာလို့ ယုံကြည်စိတ်နဲ့ ဝမ်းသာစွာကြိုဆို ကြောင်း ၊
အသိုင်းအဝိုင်းချဲ့ကြရန် နှင့် တန်ဘိုးရှိတဲ့သူတွေအဖြစ် ကြိုးစားကြရန်လိုကြောင်း ၊
New Myanmar Foundation ၏ ကူညီစောင့်ရှောက်နေမှုများကို ရှင်းပြပြီး အခွင့်အလမ်းများကို စနစ်တကျရယူနိုင်ကြောင်း ၊
အားလုံးမြန်မာ့နိုင်ငံ အရေးတွေမှာ ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ထို့နောက် သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ WLRC ၏သင်တန်း ဖွင့်လှစ် ပေးရခြင်း ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြသော သင်တန်းသူ / သား (၁၂) ဦးကို ကြိုဆို ကြောင်း
ကိုယ့်နိုင်ငံအရေးကိစ္စတွေကို လျစ်လျူမရှုဘဲ တဒေါင့်တစ်နေရာက ပါဝင်ခဲ့ကြတာမို့ တန်ဘိုးတွေ တူညီစွာ ရှိနေကြောင်း ၊ ကြိုဆိုကြောင်း ၊ အချင်းချင်းညီအကို မောင်နှမစိတ်ထားတွေနဲ့ စောင့်ရှောက်ကြရန် ဗဟုသုတတွေ ဖလှယ်ကြရန် အားပေးကြောင်း ၊
ရောက်ရှိနေတဲ့နေရာမှာ အချိန်ကို တန်ဘိုးထားပညာကို အလေးထားပြီး လေ့လာ သင်ယူကြရန် တိုက်တွန်းလိုပါကြောင်း ပြောခဲ့ပါသည်။
သင်တန်းသားများမှလည်း တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ပါသည်။
အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့် အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး စသည့် သိထားသင့်သည့် အသိပညာများကို လည်း ဝေငှပေးသွားမည် ဖြစ်ပါသည်။
အခြေခံမော်တာနင်းစက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Asia Democracy Network – ADN နှင့် Australian Aid ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။