မေ ၇၊ ၂၀၂၂

Women Lead Resource Center တွင် ကျင်းပပြုလုပ်သည့် အမှတ်စဥ် (၄) မော်တာအပ်ချုပ်စက်သင်တန်း သင်တန်းဆင်းပွဲကို ၂၀၂၂ ခုနှစ်၊ မေလ (၇) ရက်နေ့တွင် မဲဆောက်ရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် WLRC ၏ Program Director မမိုင်နှင်းဝတ်ရည်မှ သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ပေးကြသည့်အတွက် သင်တန်းသားများအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ သင်တန်းဆင်း သင်တန်းသားများကို အားပေးစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသား တစ်ယောက်ချင်းစီအား သင်တန်းနှင့် ပက်သက်၍ ပြောကြားလိုသည်များကို ဆွေးနွေးစေခဲ့ပြီး သင်တန်းအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ သင်တန်းဆင်း သင်တန်းသားများအား မဲဆောက်ရှိ အပ်ချုပ်စက်ရုံများ၌ တစ်ပါတည်း အလုပ်သွင်းပေးသွားမှာ ဖြစ်ပါသည်။

မြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာခဲ့သည့် မဲဆောက်ရောက် မြန်မာလူငယ်များအနေဖြင့် မဲဆောက်တွင် ရေရှည်ရပ်တည်နိုင်ရန် အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုရရှိရန် လိုအပ်ပါသည်။ ထိုသို့အလုပ်ရရှိနိုင်ရန် WLRC မှ စွမ်းစွမ်းတမံ တတ်စွမ်းသမျှ ဆောင်ရွက်ပေးနေပြီး စိတ်ပါဝင်စားသူများအနေဖြင့် WLRC ၏ Program Director မမိုင်နှင်းဝတ်ရည် ထံ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Mai Hnin Wityi

Project Director

Women Lead Resource Center

Maesot, Tak 63110

mai.hninwityi@gmail.com

info@wlrcmyanmar.info

www.wlrcmyanmar.info

+66 61 242 0449

en_USEnglish