2024 ခုနှစ် ဖေဖော်ဝါရီလ 11 ရက်နေ့တွင်အမျိုးသမီး ဦးဆောင်ဖွံ့ဖြိုးမှုစင်တာ (Women Lead Resource Center-WLRC) သည် iPACE ၏ ကူညီထောက်ပံ့မှုဖြင့် ဒစ်ဂျစ်တယ်လုံခြုံရေး Batch (5) သင်တန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အမျိုးသား 9 ဦး၊ အမျိုးသမီး 11 ဦးနှင့် အခြားသင်တန်းသား 1 ဦး (စုစုပေါင်း ၂၁ ဦး) တို့ပါဝင်တက်ရောက်ခဲ့ပါသည်။ ဤသင်တန်းသည် တက်ရောက်သူများအား ၎င်းတို့အတွက် မရှိမဖြစ်လိုအပ်သော ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုများ ပေးအပ်ရန် ရည်ရွယ်ပါသည်။
သင်ခန်းစာများတွင် အင်တာနက်လုံခြုံရေး၊ ဒေတာကိုယ်ရေးကိုယ်တာ၊ ဒစ်ဂျစ်တယ် လုံခြုံရေး အရေးပါမှုဆိုင်ရာ ဖြစ်ရပ်လေ့လာမှုများ၊ ဒစ်ဂျစ်တယ်တိုက်ခိုက်ခြင်းများအတွက် တုံ့ပြန်မှုနည်းဗျူဟာများ၊ လုံခြုံသော ဆက်သွယ်ရေး နည်းလမ်းများ၊ ကုဒ်ဝှက်ခြင်း နည်းပညာများနှင့် စကားဝှက်စီမံခန့်ခွဲမှုတို့ ပါဝင်ခဲ့ပါသည်။