iPACE ၏ ကူညီထောက်ပံ့မှုဖြင့် အမျိုးသမီး ဦးဆောင်ဖွံ့ဖြိုးမှုစင်တာ (Women Lead Resource Center-WLRC) ဒစ်ဂျစ်တယ်လုံခြုံရေး Batch (3) သင်တန်းကို 2024 ခုနှစ် ဇန်န၀ါရီလ 10 ရက်နေ့ တွင် အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ပြီး သင်တန်းသား 18ဦး (ကျား-၈ဦး၊ မ-၁၀ဦး) တက်ရောက်ခဲ့ကြပါသည်။
သင်တန်းသားများအား ၎င်းတို့၏ အရေးကြီးသော ဒေတာ အချက်အလက်များကို ကာကွယ်ရန်အတွက် လိုအပ်သော အသိပညာနှင့် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုတို့ကို တိုးမြှင့်ပေးရန်အတွက် ဒစ်ဂျစ်တယ်လုံခြုံရေး သင်တန်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သင်တန်းမှ ရရှိလာသော အသိပညာသည် တက်ရောက်သူများနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လုံခြုံရေးသတိရှိသော ဒစ်ဂျစ်တယ် အခင်းအကျင်းကို ဖော်ဆောင်ရာ၌ အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။