ရည်ရွယ်ချက်
(၁) အမျိုးသမီးများ၏ သဘောထားအမြင်နှင့် ဆန္ဒများကို ကူညီဖော်ဆောင်ပေးခြင်းဖြင့် ရေရှည်ခိုင်မာ၊ ကောင်းမွန်သည့် လူမှုပတ်ဝန်းကျင်များ ဖြစ်ပေါ်လာစေရန်
မြန်မာနိုင်ငံလူဦးရေ၏ ၅၀% ကျော်ရှိသော အမျိုးသမီးထုရဲ့ သဘောထားအမြင်တွေ၊ ၄င်းတို့ရဲ့ဆန္ဒတွေကို သိရှိဖို့၊ ကူညီဖော်ဆောင်ဖို့လိုအပ်တယ်။ ဒါမှသာ ကျား/မခွဲခြားမှုကင်းတဲ့ ကောင်းမွန်သည့် လူမှုပတ်ဝန်းကျင်တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဥပမာ - အိမ်တွင်းအကြမ်းဖက်မှုများ၊ အမျိုးသမီးများရဲ့ သဘောထားအမြင်များကို ချန်လှပ်ထားမှုတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၂) အမျိုးသမီးများအနေဖြင့် ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍများတွင် တန်းတူညီမျှစွာပါဝင်လာနိုင်ရန်
အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူညီချက်ဆိုင်ရာ CEDAW - Committee on the Elimination of Discrimination Against Women အရ အဆိုပါအခန်းကဏ္ဍတွေမှာ အမျိုးသမီးများ ညီမျှစွာပါဝင်လာနိုင်ဖို့အတွက် လိုအပ်နေပါတယ်။
လုပ်ငန်းစဥ်များ
(၁) လူမှုရေးရာသုတေသနလုပ်ငန်းများ ဆောင်ရွက်သွားရန်
အမျိုးသမီးများနှင့်ပတ်သက်သော လူမှုရေးရာအခြေအနေများကို သိရှိစေရန်၊ အမျိုးသမီးများ၏ ဆန္ဒ၊ သဘောထားများကို အရည်အသွေးအားဖြင့်လည်းကောင်း၊ အရည်အတွက်အားဖြင့်လည်းကောင်း၊ စံနှုန်းအားဖြင့်လည်းကောင်း တိုင်းတာ သိရှိစေရန်၊ ၄င်းတို့ကြုံတွေ့ခံစားနေရသော ခွဲခြားမှုများကို မှန်မှန်ကန်ကန် သိရှိစေရန်
(၂) အမျိုးသမီးနှင့်လူငယ်များအတွက် စွမ်းရည်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်
အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ(လူငယ်များ)၏ စွမ်းဆောင်ရည်တိုးတက်ဖို့မှာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးပါသည်။ အင်္ဂလိပ်စကားပြောသင်တန်း၊ ကွန်ပြူတာသင်တန်း၊ အိမ်တွင်းမှုသင်တန်း ... စသဖြင့်
(၃) ကျား/မရေးရာခွဲခြားမှုကင်းစင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်
CEDAW အရ ကျား/မရေးရာခွဲခြားမှုကင်းစင်ရေးအတွက် နိုင်ငံသားတိုင်းသိရှိဖို့ လိုအပ်ပါသည်။ ကျား/မရေးရာခွဲခြားမှုပုံစံများကို ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုပါတယ်။
(၄) အမျိုးသမီးများအနေဖြင့် ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍများတွင် တန်းတူညီမျှစွာပါဝင်လာနိုင်ရန်အတွက် အားပေးမြှင့်တင်မှုများ ဖော်ဆောင်သွားရန်
ဖွံဲ့ဖြိုးရေးဆိုင်ရာ ဦးဆောင်မှုအခန်းကဏ္ဍ (ဆုံးဖြတ်ချက်ချခြင်း - Decision Making) များတွင် အမျိုးသမီးများ၏ ပါဝင်မှုမှာ အလွန်နည်းပါးနေသေးသည်။