April 26, 2022

New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲကို ယနေ့( ၂၆-၄-၂၀၂၂) ရက်နေ့ ညနေ ၃း၀၀ နာရီ တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ သင်တန်းတာဝန်ခံ အဖြစ် တာဝန်ယူလုပ်ကိုင်နေသည့် မမိုင်နှင်းဝတ်ရည်မှ သင်တန်းဆင်းပွဲ အစီအစဉ်များကို ပြောကြားခဲ့ပြီး သင်တန်းကို ပြီးဆုံးသည်အထိ တက်ရောက်ခဲ့ကြာသော သင်တန်းသား/သူများအား ကျေးဇူးတင်စကားပြောကြား၍ သင်တန်းကိုဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် New Myanmar Foundation ၏ Executive Director ဖြစ်သူ ဒေါက်တာစန်းအောင်မှ သင်တန်းပြီးဆုံး အောင် တက်ရောက်ခဲ့ကြသူများအား ဆက်လက်လုပ်ငန်းခွင်များသို့ ဝင်ရောက်နိုင်ရန် လိုအပ်သည်များကို ပံ့ပိုးပေးမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသူများအနေဖြင့် စိတ်ဓါတ်ကျနေရန်မလိုအပ်ဘဲ ကြိုးစားရှင်သန်၍ မိမိ နှင့် မိမိနိုင်ငံအတွက် ပြန်လည်ပံ့ပိုးပေးနိုင်ရန် ကြိုးစားကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသား များအား အလုပ်အကိုင်ရှာဖွေ ရေးအတွက် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးလျက်ရှိသော ကိုဇော်မိုးမှ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်အတွက် ခေါ်ယူနေသော အလုပ်အကိုင်များနှင့် လိုအပ်သောအချက်အလက်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသို့ ရောက်ရှိလာကြသူများမှ ကျေးဇူးတင်စကားနှင့်စကားနှင့် သင်တန်းအတွေ့အကြုံများကိုပြောပြ၍ သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

en_USEnglish