Women Lead Resource Center တွင် ကျင်းပပြုလုပ်သည့် အမှတ်စဥ် (10 ) မော်တာအပ်ချုပ်စက်သင်တန်း သင်တန်းဆင်းပွဲ
========================
ဇူလိုင် လ ၆ ရက် ၂၀၂၂
Women Lead Resource Center တွင် ကျင်းပပြုလုပ်သည့် အမှတ်စဥ် (10 ) မော်တာအပ်ချုပ်စက်သင်တန်း သင်တန်းဆင်းပွဲကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် WLRC သင်တန်း တာဝန်ခံ ဆရာမ ဒေါ်ခင်လှေဌေးမှ လည်း သင်တန်းသားများကိုမည်သည့်နေရာတွင် ရောက်နေသည်ဖြစ်စေ နိင်ငံ့ အကျိုးအတွက် ဆောင်ရွက်ကြရန် မှာကြားပီး New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ သင်တန်းဆင်း သင်တန်းသားများကို အားပေးစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသား တစ်ယောက်ချင်းစီမှ သင်တန်းနှင့် ပက်သက်သည့် အကြံပြု ချက်များကို ပြောကြား ခဲ့ ရာ Dr Sann Aung မှပြန်လည် ဆွေးနွေး ခြင်းနှင့် သင်တန်းဆင်းလက်မှတ် များ ပေးအပ်ကာ သင်တန်းဆင်း အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အထည် ချုပ်စက်ရုံ များတွင် အလုပ်ဝင် ရောက် လိုသည့် သင်တန်းဆင်း သင်တန်းသားများအား အထည် ချုပ် စက်ရုံများတွင် အလုပ် ဝင်ရောက် နိင်ရန် ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါသည်။
မြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာခဲ့သည့် မြန်မာလူငယ်များအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန် အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုရရှိရန် လိုအပ်ပါသည်။ ထိုသို့အလုပ်ရရှိနိုင်ရန် WLRC မှ စွမ်းစွမ်းတမံ တတ်စွမ်းသမျှ ဆောင်ရွက်ပေးနေပြီး စိတ်ပါဝင်စားသူများအနေဖြင့် WLRC ၏ Progect Director မမိုင်နှင်းဝတ်ရည် ထံ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
Mai Hnin Wit Yi
Project Director
Women Lead Resource Center
Phone-0635320974
Signal-+66635320974
Maesot, Tak 63110
info@wlrcmyanmar.info