Women Lead Resource Center (WLRC) အဖွဲ့သည် (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလနှင့် (၂၀၂၀) ဇန်နဝါရီလများ အတွင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ သာကေတမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် လူထုဆွေးနွေးပွဲများသို့ တက်ရောက်လာသောအမျိုသမီးများနှင့် အခြားသောမြို့နယ်အသီသီးတွင်ရှိသော အမျိုး သမီးဦးရေ စုစုပေါင်း (၁၅၀) ကို စစ်တမ်းငယ် ကောက်ယူခဲ့ပါသည်။

သို့ရာတွင် ဤစစ်တမ်းငယ်မှာ လူထုဆွေးနွေးပွဲများသို့တက်ရောက်လာသောအမျိုးသမီးများကိုသာ မေးမြန်းထား သည့်အတွက် လူဦးရေးအားလုံးကိုကိုယ်စားပြုသည်ဟု ယူဆ၍မရနိုင်သည့်အပြင်၊ အမျိုးသမီး/အမျိုးသား အချိုးကျလေ့လာမှုလည်းမဟုတ်ပေ။ ဤစစ်တမ်းငယ်၏ရည်ရွယ်ချက်မှာ လာမည့် (၂၀၂၀) အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသမီးများ၏အခန်းကဏ္ဍများနှင့်ပတ်သက်၍ ပိုမိုပြည့်စုံကောင်းမွန်သော လေ့လာ ဆန်းစစ်မှုများအား ပြုလုပ်နိုင်ရန် ကနဦးအနေဖြင့်လေ့လာမှုများအား ဆောင်ရွက်နိုင်ရန်ဖြစ်သည်။

အမျိုးသမီးမဲဆန္ဒရှင်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ
စစ်တမ်းငယ်
This image has an empty alt attribute; its file name is pdf-150x150-1.png

en_USEnglish