August 25, 2022

New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲကို (၂၅-၈-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြရာ သင်တန်းကို အောင်မြင်ပြီးဆုံးသည့်အထိ တက်ရောက်ခဲ့သော သင်တန်းသူ/သား (၁၂) ဦးကို သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ

သင်တန်းဆင်းပွဲ၏ အမှာစကားများကို ပြောကြားခဲ့ပါသည်။ အချင်းချင်းစောင့်ရှောက်၍ မည်သည့်နေရာတွင်ရှိနေကြပါစေ အလုပ်လုပ်နေကြပါရန်နှင့် ကိုယ့်ဂုဏ်၊ နိုင်ငံ့ဂုဏ်အတွက် တန်ဖိုးမြှင့်တင်ရင်း ကြိုးစားကြပါရန် မှာကြားခဲ့ပါသည်။ သင်တန်းတက်ရောက်သူ သင်တန်းသူ/သားများကလည်း သင်တန်း၏ အားနည်းချက် အားသာချက်များကို ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် New Myanmar Foundation ၏ တာဝန်ခံ ဒေါက်တာစန်းအောင်မှ အချင်းချင်း ရိုင်းပင်းကူညီကြရန်၊ လက်တွဲကြရန်၊ စောင့်ရှောက်ကြရန်၊ ကိုယ့်နိုင်ငံအတွက် တစ်ဒေါင့်တစ်နေရာကနေ ပါဝင်ကူညီဖို့ မမေ့ကြဘဲ ကြိုးစားကြပါရန် ပြောကြားခဲ့ပါသည်။ ထို့နောက် New Myanmar Foundation ၏ အကူအညီ စောင့်ရှောက်မှုများကို ထပ်မံရှင်းပြပေး၍ လိုအပ်ပါက လျှောက်လွှာတင် ရယူကြရန်၊ Group မှတစ်ဆင့် အချင်းချင်းဆက်သွယ်ကြရန် မှာကြားခဲ့ပါသည်။

အခြခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –

၁။ လူ့အခွင့်အရေး၊

၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊

၃။ အမျိုးသမီးအခွင့်အရေး၊

၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊

၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊

၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန်နည်းလမ်းများ ကိုပါ မျှဝေခဲ့ပါသည်။

သင်တန်းဆင်းပြီးနောက် အလုပ်ခွင်ဝင်ချင်သူ သင်တန်းသူ/သား (၁၂)ဦးကိုလည်း အလုပ်ခွင်သို့ ပို့ဆောင်ပေးခဲ့ပါသည်။

အခြေခံ မော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Asia Democracy Network – ADN နှင့် Australian Aid ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

en_USEnglish