August 6, 2022

New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၁၃) သင်တန်းဆင်းပွဲကို (၆-၈-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲ၏ အမှာစကားကို ဒေါက်တာစန်းအောင်မှ တစ်ဦးနှင့် တစ်ဦး ဖေးမ ကူညီကြရန် ရှေးဦးစွာ ပြောကြားခဲ့ပြီး၊ အလုပ်သမားနဲ့ပတ်သက်တဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေအကြောင်းကို ပြောကြားခဲ့ပါသည်။ နောင်တစ်ချိန်မှာ ကိုယ့်နိုင်ငံအတွက် တစ်ဒေါင့်တစ်နေရာကနေ ပါဝင်ကူညီဖို့ မမေ့ကြဘဲ ကြိုးစားကြပါရန် ပြောကြားခဲ့ပါသည်။ ထို့နောက် New Myanmar Foundation ၏ အကူအညီ စောင့်ရှောက်မှုများကို ထပ်မံရှင်းပြပေး၍ လိုအပ်ပါက လျှောက်လွှာတင် ရယူကြရန်၊ Group မှတစ်ဆင့် အချင်းချင်းဆက်သွယ်ကြရန် မှာကြားခဲ့ပါသည်။ သင်တန်းကြီးကြပ်မှ အလုပ်ခွင်မှာ အခက်အခဲများ ရှိပါက ဆက်သွယ်တိုင်ပင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အချင်းချင်းစောင့်ရှောက်၍ မည်သည့်နေရာတွင်ရှိနေကြပါစေ အလုပ်လုပ်နေကြပါရန်နှင့် ကိုယ့်ဂုဏ်၊ နိုင်ငံ့ဂုဏ်အတွက် တန်ဖိုးမြှင့်တင်ရင်း ကြိုးစားကြပါရန် မှာကြားခဲ့ပါသည်။

အခြခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –

၁။ လူ့အခွင့်အရေး၊

၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊

၃။ အမျိုးသမီးအခွင့်အရေး၊

၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊

၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊

၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန်နည်းလမ်းများ ကိုပါ မျှဝေခဲ့ပါသည်။

သင်တန်းဆင်းပြီးသည် နှင့် အလုပ်ခွင်ဝင်ချင်သူများကိုလည်း အလုပ်ခွင်သို့ ပို့ဆောင်ပေးခဲ့ပြီးလည်းဖြစ်ပါသည်။

en_USEnglish