July 25, 2022
New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၁၂) သင်တန်းဆင်းပွဲကို (၂၅-၇-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲ၏ အမှာစကားကို ဒေါက်တာစန်းအောင်မှ တစ်ဦးနှင့် တစ်ဦး ဖေးမ ကူညီကြရန် ရှေးဦးစွာ ပြောကြားခဲ့ပြီး၊ ထို့နောက် New Myanmar Foundation ၏ အကူအညီ စောင့်ရှောက်မှုများကို ထပ်မံရှင်းပြပေး၍ လိုအပ်ပါက လျှောက်လွှာတင် ရယူကြရန်၊ Group မှတစ်ဆင့် အချင်းချင်းဆက်သွယ်ကြရန် မှာကြားခဲ့ပါသည်။ သင်တန်းကြီးကြပ်မှ အချင်းချင်းစောင့်ရှောက်၍ မည်သည့်နေရာတွင်ရှိနေကြပါစေ အလုပ်လုပ်နေကြပါရန်နှင့် ကိုယ့်ဂုဏ်၊ နိုင်ငံ့ဂုဏ်အတွက် တန်ဖိုးမြှင့်တင်ရင်း ကြိုးစားကြပါရန် မှာကြားခဲ့ပါသည်။
အခြခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –
၁။ လူ့အခွင့်အရေး၊
၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊
၃။ အမျိုးသမီးအခွင့်အရေး၊
၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊
၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊
၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန်နည်းလမ်းများ ကိုပါ မျှဝေခဲ့ပါသည်။
သင်တန်းဆင်းပြီးသည် နှင့် အလုပ်ခွင်ဝင်ချင်သူများကိုလည်း အလုပ်ခွင်သို့ ပို့ဆောင်ပေးခဲ့ပြီးလည်းဖြစ်ပါသည်။