အခြေခံမော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲ
July 2, 2022
New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲကို ( ၂-၇-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ရှေးဦးစွာ သင်တန်း တာဝန်ခံ ဒေါ်ခင်လှဌေးမှ သင်တန်းသားများကို မိတ်ဆက်စကားပြောကြားခဲ့ပြီး သင်တန်းတာဝန်ရှိသူ မိုင်နှင်းဝတ်ရည် မှလည်း သင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက် နှင့် သင်တန်းသားများကို မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် New Myanmar Foundation ၏ Executive Director ဖြစ်သူ ဒေါက်တာစန်းအောင်မှ အကြောင်းအမျိုးမျိုးကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာရသူများအား ဌင်း၏အတွေ့အကြုံ များကိုပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသို့ ရောက်ရှိလာကြသူများမှ တစ်ဦးချင်းရောက်ရှိလာသောအတွေ့အကြုံများကိုမိတ်ဆက်ခဲ့ကြပါသည်။ နိဂုံးချုပ်အနေဖြင့် သင်တန်းသို့ ရောက်ရှိလာကြသူများအား မိမိတို့မူလရည်ရွယ်ချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဒေါက်တာစန်းအောင်မှ ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အခြခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး စသည့် သိထားသင့်သည့် အသိပညာ များကိုသင်ကြားပေးသွားမည်ဖြစ်ပါသည်။

en_USEnglish