သို့

ခေါင်းဆောင်များ၊ မိတ်ဆွေများ ရှင်

မဲဆောက်မြို့တွင်ရောက်ရှိနေသော ဒီမိုကရေစီအင်အားစုများနှင့် အထူးသဖြင့် မြန်မာပြည်သူ အမျိုးသမီးများအတွက် (၁၀)ရက်ကြာ စရိတ်ငြိမ်း မော်တာနင်းစက်ချုပ်သင်တန်းကို (၁၅-၁၁-၂၀၂၂) မှစတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်လိုသူများ အနေဖြင့် သင်တန်းမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာနိုင်ပါက အောက်ပါ Google Form

https://forms.gle/EPM1XoKp6jqp6hTP6

ကို ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။

စည်းကမ်းချက်များ –

၁။ သင်တန်းကာလ (၁၀) ရက်အတွင်းသင်တန်းကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေထိုင်ရမည်။

၂။ သင်တန်းချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ ထိဖြစ်ပါသည်။

၃။ လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

၄။ သင်တန်းသားများတစ်ဦးနှင့်တစ်ဦးယဥ်ကျေးပျူငှာစွာဆက်ဆံရမည်။ သင်တန်းကာလအတွင်း ကလေးသူငယ်၊ အမျိုးသမီး နှင့် လိင်စိတ်ကွဲပြားသူများအပေါ် ကိုယ်၊နှုတ်၊အမူအရာ ဖြင့် ထိပါးနှောက်ယှက်စော်ကားခြင်းနှင့် ခိုက်ရန်ဖြစ်ပွားခြင်း မပြုလုပ်ရပါ။ကျူးလွန်ပါကသင်တန်းမှခြွင်းချက်မရှိထုတ်ပယ်ပါမည်။

၅။ သင်တန်းကာလအတွင်းပြင်ပသို့ ထွက်ခွာခွင့် မပြုပါ။

၆။ သင်တန်းပြင်ပသို့ထွက်ခွာလိုသည် ကိစ္စ၊ အကြောင်းအရာရှိပါက သင်တန်းမှုးထံ ခွင့်ပြုချက် တောင်းခံရမည်။

၇။ သင်တန်းပြီးဆုံးအောင်ထိ သင်ယူရမည်။

၈။ သင်တန်းပြီးဆုံးပြီးနောက် အလုပ်ခွင်ဝင်ရောက်လိုသူ ဖြစ်ရမည်။

လေးစားစွာဖြင့်

Daw Khin Hla Htay

သင်တန်းတာဝန်ခံ

အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါ နံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Ph: 0652841489(Thai), Signal+66652841489, Email: info@wlrcmyanmar.info

Women Lead Resource Center-WLRC အမျိုးသမီးဦးဆောင်ဖွံ့ဖြိုးမှုစင်တာ

Community Organization

en_USEnglish