New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၂၁) သင်တန်းဆင်းပွဲကို (၃၀-၁၀-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြရာ New Myanmar Foundation ၏ တာဝန်ခံ ဒေါက်တာစန်းအောင်မှ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် အားလုံးကြိုးစားကြစေလိုကြောင်း ၊ လူတစ်ယောက် တန်ဖိုးဆိုတာ အသိုင်းအဝိုင်းရှိလေ ပိုတိုးတက်လေမို့ အသိုင်းအဝိုင်းချဲ့ကြရန် မှာချင်ကြောင်း ၊ သားစဥ◌်မြေးဆက်ကောင်းတဲ့ ကောင်းတဲ့ခေတ်ကို နေထိုင်ဖြတ်သန်းသွားနိုင်ဖို့ ဒို့တွေ ၊ မင်းတို့တွေ ကြိုးစားပေး ကြရမှာဖြစ်ကြောင်း အားပေးမှာ ကြားခဲ့ပါသည်။ဆက်လက်၍ New Myanmar Foundation မှ ဒေါ်ငွေရည်လွင် မှ ကိုယ်စားပြု၍ အလုပ်ရုံတွေစီ အလုပ်ဝင်ကြမယ် ဆိုတာ သိရလို့ ဝမ်းသာအားပေးကြောင်း ၊ Group တွေထဲဝင်ပြီး လေ့လာနိုင်သလို ဆက်သွယ်လို့ရမယ့်ဖုန်းတွေလည်း ဖော်ပြထားတာမို့ ဆက်သွယ်နိုင်ပါကြောင်းပြောကြားခဲ့ပါသည်။

သင်တန်းတက်ရောက်သူ သင်တန်းသူ/သားများကလည်း သင်တန်း၏ အားနည်းချက် အားသာချက်များကို ဆွေးနွေး တင်ပြကြပါသည်။

အခမဲ့ အခြေခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –

၁။ လူ့အခွင့်အရေး၊

၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊

၃။ အမျိုးသမီးအခွင့်အရေး၊

၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊

၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊

၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း များကိုပါမျှဝေခဲ့ပါသည်။

သင်တန်းဆင်းပြီးနောက် သင်တန်းသူ/သား (၈)ဦးကိုလည်း အလုပ်ခွင်သို့ ပို့ဆောင်ပေးခဲ့ပါသည်။

အခမဲ့အခြေခံမော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Smile Project နှင့် Australian Aid ကိုလည်း ကျေးဇူး အထူးတင်ရှိပါသည်။

en_USEnglish