December 12 , 2022
New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၂၄) သင်တန်းဆင်းပွဲကို (၁၀-၁၂-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Centerတွင်ကျင်းပပြုလုပ်ခဲ့ကြရာသင်တန်းကို အောင်မြင် ပြီးမြောက်သည့်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ/သင်တန်းသား (၈) ယောက်ကို New Myanmar Foundation ၏ တာဝန်ခံ ဒေါက်တာစန်းအောင်မှ ကိုယ့်အားကိုယ်ကိုးစိတ်နဲ့ တက်ကြွစွာအလုပ်လုပ်ကြမှာမို့ ဂုဏ်ယူကြောင်း ၊ New Myanmar Foundation ၏ ကူညီပံ့ပိုးနေမှုများ ရှိသည်ကို ရှင်းပြပြီး စနစ် တကျရယူနိုင်ပါကြောင်း ၊ အလုပ်နှင့် ဂုဏ်သိက္ခာ ဆက်စပ်နေတာမို့ အလုပ်လုပ်ရာတွင် အလေးအနက်ထား အားစိုက်ကြစေလိုကြောင်း ၊ ရှင်းပြမှာကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ အလုပ်ခွင်ဝင် ရောက်ကြရန် အသင့်ဖြစ်နေကြပြီး အနာဂါတ်ရှိကြတဲ့ လူငယ်တွေဖြစ်ကြတာမို့ အားပေးကြောင်း ၊ အချင်းချင်း အဆက်အသွယ်လုပ်ကြရန် Group နှင့် ဖုန်းတွေကတဆင့် ဗဟုသုတဖလှယ်ကြရန် တိုင်ပင်ကြ ရန် ၊ ကိုယ့်နိုင်ငံအတွက် ကိုယ့်မိသားစုအတွက် တစ်ဒေါင့်တစ်နေရာက နိုင်သရွေ့ကူညီပံ့ပိုးကြရန် အားပေးပြောကြားခဲ့ပါသည်။
သင်တန်းတက်ရောက်သူ သင်တန်းသူ/သားများကလည်း သင်တန်း၏ အားနည်းချက် အားသာချက်များကို ဆွေးနွေး တင်ပြကြပါသည်။
အခမဲ့ အခြေခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –
၁။ လူ့အခွင့်အရေး၊
၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊
၃။ အမျိုးသမီးအခွင့်အရေး၊
၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊
၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊
၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း များကိုပါမျှဝေခဲ့ပါသည်။
သင်တန်းဆင်းပြီးနောက် သင်တန်းသူ/သား (၉)ဦးကိုလည်း အလုပ်ခွင်သို့ ပို့ဆောင်ပေးခဲ့ပါသည်။
အခမဲ့အခြေခံမော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Smile Project နှင့် Australian Aid ကိုလည်း ကျေးဇူး အထူးတင်ရှိပါသည်။









