New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း (၁၀)ရက်ကြာ ဖွင့်လှစ်မည့် အပတ်စဉ်-(၂၃) သင်တန်းဖွင့်ပွဲ ကို (၁၅-၁၁-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

ဦးစွာ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ – ဝန်းကျင်ကောင်းကို ရဘို့ ကိုယ်ကိုယ်တိုင် တည်ဆောက်ကြရမှာမို့ ပေါင်းသင်းဆက်ဆံမှု သိုင်းဝိုင်းချဲ့ကြရန် မှာချင်ကြောင်း ၊ ဘယ်နေရာရောက်ရောက် ကိုယ်နိုင်ငံအရေးတွေကိုမမေ့ကြဘဲ တတ်နိုင်သရွေ့ကူညီပေးကြရမှာ ဖြစ်ကြောင်း ၊ New Myanmar Foundation ကူညီထောက်ပံ့နေမှုများ ကို ရှင်းပြပြီး စနစ်တကျ လျှောက်လွှာတင်ရယူနိုင်ကြောင်း အားပေးကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက် အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ WLRC ၏သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြသော သင်တန်းသူ / သား (၉)ဦး ကို ကြိုဆို ကြောင်း ၊ ကိုယ့်နိုင်ငံအရေးတွေကို လျစ်လျူမရှုဘဲ ပါဝင်ကူညီခဲ့ကြသူများအဖြစ် လေးစားကြောင်း ကြိုဆိုကြောင်း ၊ အထည်ချုပ်သင်တန်းကျောင်းတက်ရောက်နေစဥ် ကြိုးစားသင်ယူကြ ရန် နှင့် ညီအကိုမောင်နှမစိတ်ဓါတ်ဖြင့် တစ်ဦးနှင့်တစ်ဦး လေးလေးစားစား ဆက်ဆံကြစေလိုကြောင်း ၊ ရောက်ရှိနေရာတိုင်းမှာ အချင်းချင်းဗဟုသုတ မျှဝေကြဖို့လည်း တိုက်တွန်းပါကြောင်း ပြောခဲ့ပါသည်။

သင်တန်းသားများမှလည်း တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ပါသည်။ အခမဲ့အခြေခံ လျှပ်စစ် မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့် အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး စသည့် သိထားသင့်သည့် အသိ ပညာများကိုလည်း ဝေငှပေးသွားမည် ဖြစ်ပါသည်။

အခြေခံ မော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Asia Democracy Network – ADN နှင့် Australian Aid ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

en_USEnglish