New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း (၁၀)ရက်ကြာ ဖွင့်လှစ်မည့် အပတ်စဉ်-(၂၂) သင်တန်းဖွင့်ပွဲ ကို (၁-၁၁-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

ဦးစွာ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ – တန်ဖိုးရှိတဲ့သူ တွေဖြစ်ကြဖို့ အလုပ်ဆိုမဖြစ်မနေလုပ်ကြရမှာမို့ ကြိုဆိုကြောင်း ၊ အခက်အခဲတွေရှိ ပေမယ့် ကျော်ဖြတ်ကြဖို့ အားပေးပါကြောင်း ၊ အသိုက်အဝန်းချဲ့ကြရန် ကောင်းမွန်တိုးတက်သော နိုင်ငံတော်ဖြစ်လာဖို့ ကိုယ့်နိုင်ငံ အရေးတွေကိုလည်း မမေ့ကြစေလိုကြောင်း ၊ ကူညီကြဖို့လိုကြောင်း ၊ New Myanmar Foundation ကူညီထောက်ပံ့နေမှုများ ကို ရှင်းပြပြီး စနစ်တကျ ရယူခွင့်ပြုကြောင်း နှင့် အထည်ချုပ်ပညာကိုလည်း အားသွန်ခွန်စိုက် ကြိုးစားလေ့လာသင်ယူကြရန် အားပေးကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက် အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ WLRC ၏သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြသော သင်တန်းသူ / သား (၁၂)ဦး ကို ကြိုဆို ကြောင်း ၊မိမိနိုင်ငံအရေးတွေမှာ တဒေါင့်တနေရာက ပါဝင်ခဲ့ကြလို့ရှောင်တိမ်း လာကြရတာကြောင့် ဂုဏ်ယူပါကြောင်း ၊ ရောက်ရှိနေရာမှာ အချင်းချင်း ညီရင်းအကို မောင်ရင်းနှမကဲ့သို့ စောင့်ရှောက်ကြရန်နှင့် ဗဟု သုတ မျှဝေကြရန် ၊ အထည်ချုပ်ပညာကိုကြိုးစားလေ့လာသင်ယူပြီး အလုပ်ခွင်ဝင်နိုင်ဖို့ အားမာန် အပြည့်နဲ့ ရှေ့ဆက်ကြပါရန် တိုက်တွန်းမှာကြားပြောကြားခဲ့ပါသည်။

သင်တန်းသားများမှလည်း တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ပါသည်။ အခမဲ့အခြေခံ လျှပ်စစ် မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့် အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး စသည့် သိထားသင့်သည့် အသိ ပညာများကိုလည်း ဝေငှပေးသွားမည် ဖြစ်ပါသည်။

အခြေခံ မော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Asia Democracy Network – ADN နှင့် Australian Aid ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

en_USEnglish