May 2, 2022

New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၄) သင်တန်းဖွင့်ပွဲကို ( ၂-၅-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ရှေးဦးစွာ သင်တန်းများအတွက် တာဝန်ခံ အဖြစ် တာဝန်ယူလုပ်ကိုင်နေသည့် မမိုင်နှင်းဝတ်ရည်မှ သင်တန်းဖွင့်ပွဲ အစီအစဉ်များကို ပြောကြားခဲ့ပြီး သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် New Myanmar Foundation ၏ Executive Director ဖြစ်သူ ဒေါက်တာစန်းအောင်မှ သင်တန်းရည်ရွယ်ချက်နှင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာရသူများအား အတွေ့အကြုံနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာကြားပြောဆိုခဲ့ပါသည်။ထို့နောက် သင်တန်းနည်းပြ အဖြစ်တာဝန်ယူဆောင်ရွက်ပေးမည့် ကိုနိုင်မှ သင်တန်းသင်ကြားပေးမည့် ပုံစံများနှင့် သင်တန်းမှတာဝန်ခံတစ်ဦးဖြစ်သော ဒေါ်ရီရီဆွေမှလည်း အတွေ့အကြုံနှင့်အားပေးစကားများပြောကြားခဲပါသည်။ ထို့နောက်သင်တန်းပြီးဆုံး၍ ကိုယ်ပိုင်လုပ်ငန်းပြန်လည်လုပ်ကိုင်နေသော မဇာလီမှ သင်တန်းအတွေ့အကြုံနှင့် လုပ်ငန်းများအကြောင်းကိုရှင်းလင်းပြောပြပေးခဲ့ပါသည်။ ထို့နောက် သင်တန်းသို့ ရောက်ရှိလာကြသူများမှ တစ်ဦးချင်းရောက်ရှိလာသောအတွေ့အကြုံများကိုပြောပြ၍ မိတ်ဆက်ခဲ့ကြပါသည်။ နိဂုံးချုပ်အနေဖြင့် သင်တန်းသို့ ရောက်ရှိလာကြသူများအား မိမိတို့မူလရည်ရွယ်ချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်နှင့် လိုအပ်သော အထောက်အပံ့များကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဒေါက်တာစန်းအောင်မှ ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

my_MMMyanmar