မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းရန် ကြိုးပမ်းမှု သုံးနှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် Women Lead Resource Center နှင့် History Carrier မှ ကြီးမှူး၍ ဖေဖော်ဝါရီ ၁ ရက်၌ White Campaign ကို ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းကျောင်း တစ်ခုတွင် ကျင်းပခဲ့ပါသည်။ ဖိနှိပ်ချုပ်ချယ်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆက်မပြတ် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တော်လှန်ရာတွင် ပြည်သူများအား အသိပညာ တိုးပွားစေရန်နှင့် စည်းလုံးညီညွတ်စေရန် ရည်ရွယ်သည့် လှုပ်ရှားမှုဖြစ်သည်။

စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် စုပေါင်းဆန္ဒကို ကိုယ်စားပြုသည့် အင်္ကျီဖြူများ ၀တ်ဆင်ခဲ့ကြပြီး “Ban Jet Fuel Export to Myanmar”၊ “Stop Blood Taxation” နှင့် “Do CDM”  အပါအဝင် မဲဆွယ်စည်းရုံးရေးစာများ ကိုင်ဆောင်၍လည်း လွတ်လပ်စွာထုတ်ဖော်ပြသခဲ့ကြပါသည်။ ကမ်ပိန်းတွင် အမျိုးသမီးများ၊ ဆရာဝန်များ၊ လူငယ်များနှင့် လူအခွင့်အရေးတက်ကြွ လှုပ်ရှားသူများ အပါအဝင် ကျောင်းသား၊ကျောင်းသူများက တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

my_MMMyanmar