New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၂၅) သင်တန်းဆင်းပွဲကို (၂၄-၁၂-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Centerတွင်ကျင်းပပြုလုပ်ခဲ့ကြရာသင်တန်းကို အောင်မြင် ပြီး‌မြောက်သည့်အထိ တက်ရောက်ခဲ့ ကြသော သင်တန်းသူ/သင်တန်းသား (၈) ယောက်ကို New Myanmar Foundation ၏ တာဝန်ခံ ဒေါက်တာစန်းအောင်မှ တက်ရောက်သူတစ်ဦးချင်းစီရဲ့ စိတ်ထဲမှာ ရှေ့ဆက်ဘို့ အင်အားတွေအပြည့်နဲ့ ရှိနေတာတွေ့ရလို့  ဝမ်းသာပီတိ ဖြစ်ရ ကြောင်းနဲ့ ဂုဏ်ယူပါကြောင်း ၊ ဗမာ့ဂုဏ်ဆောင်စွမ်းအားများ ကြိုးစားမှုများ ဘယ်တော့မှ မလျော့ကြရန် နှင့် ကိုယ့်နိုင်ငံ အရေးတွေမှာလည်း စဉ်ဆက်မပြတ်ပံ့ပိုးခြင်း ကူညီခြင်းပြုကြရန် နှိုးဆော်ကြောင်း ၊ New Myanmar Foundation သည်လည်းတထောင့်တစ်နေရာက ပါဝင်ကူညီပေးနေသလို ရယူနိုင်သော အခွင့်အလမ်းများကိုလည်း စည်းကမ်းတကျ ယူနိုင်ကြောင်း နှင့် ဝိုင်းရန်ကြိုးပမ်းပေးကြရန် လည်းတိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ ရောက်လာကြတဲ့ အကြောင်းအရင်းတွေမတူပေမဲ့ ကိုယ့်နိုင်ငံအတွက် တဒေါင့်တစ်နေရာက ပါဝင်ခဲ့ကြတဲ့ တန်ဖိုးတွေတူကြတာ မို့ လေးစားကြောင်း ၊ အခုဆိုရင် သင်ချုပ်အလုပ်ဝင်နိုင်ကြသော အဆင့်သို့ ပိုင်ပိုင်နိုင်နိုင် ရောက်ရှိနေကြပြီမို့ လမ်းပျောက် နေသူတွေမဟုတ် လမ်းဆက်လျောက်နေကြသူတွေ ဖြစ်ကြတာမို့ အားပေးနေကြောင်း ၊ အချင်းချင်းစောင့်ရှောက်ခြင်း ဖြင့် ဗဟုသုတမျှဝေရင်း အဆက်မပြတ်ကြရန် နှင့် ရှေ့ဆက်ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းတက်ရောက်သူ သင်တန်းသူ/သားများကလည်း သင်တန်း၏ အားနည်းချက် အားသာချက်များကို ဆွေးနွေး တင်ပြကြပါသည်။

အခမဲ့ အခြေခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –

၁။ လူ့အခွင့်အရေး၊

၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊

၃။ အမျိုးသမီးအခွင့်အရေး၊

၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊

၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊

၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း များကိုပါမျှဝေခဲ့ပါသည်။

သင်တန်းဆင်းပြီးနောက် သင်တန်းသူ/သား (၈)ဦးကိုလည်း အလုပ်ခွင်သို့ ပို့ဆောင်ပေးခဲ့ပါသည်။အခမဲ့အခြေခံမော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Smile Project နှင့် Australian Aid ကိုလည်း ကျေးဇူး အထူးတင်ရှိပါသည်။

my_MMMyanmar