အမျိုးသမီး ဦးဆောင်ဖွံ့ဖြိုးမှုစင်တာ (Women Lead Resource Center-WLRC) မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အွန်လိုင်းကမ်ပိန်းတစ်ခု ပြုလုပ်ကျင်းပခဲ့ပါသည်။ လူဦးရေ 20 ကျော် ပါဝင်တက်ရောက်ခဲ့ကြပြီး WLRC တာဝန်ခံမှ ပြည်ထောင်စုနေ့၏ သမိုင်းကြောင်းနှင့် အရေးပါမှုတို့ကို တက်ရောက်လာသူများအား ပြောကြားခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၏ အရေးပါမှုနှင့် ပတ်သက်၍ တက်ရောက်သူများမှ အချင်းချင်း ဆွေးနွေးဖလှယ်ခဲ့ကြပြီး မေးခွန်းများ အပြန်အလှန်မေးမြန်း၍ ကမ်ပိန်းကို ရုတ်သိမ်းခဲ့ပါသည်။
