အခြေခံမော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၁၂) သင်တန်းဖွင့်ပွဲ

New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၁၂) သင်တန်းဖွင့်ပွဲကို     ( ၂၀-၇-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ရှေးဦးစွာ သင်တန်း တာဝန်ခံ ဒေါ်ခင်လှဌေးမှ သင်တန်းသားများကို မိတ်ဆက်စကားပြောကြားခဲ့ပြီး WLRC မှ Program Directorဒေါ်မိုင်နှင်းဝတ်ရည်မှလည်းသင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့ပီး သင်တန်းသားများကို မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် New Myanmar Foundation ၏ Executive Director ဖြစ်သူ ဒေါက်တာစန်းအောင်မှ အကြောင်းအမျိုးမျိုးကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာရသူများအား ဌင်း၏အတွေ့အကြုံ များကိုပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသို့ ရောက်ရှိလာကြသူများမှ တစ်ဦးချင်းရောက်ရှိလာသောအတွေ့အကြုံများကို မိတ်ဆက်ခဲ့ကြပါသည်။ နိဂုံးချုပ်အနေဖြင့် သင်တန်းသို့ ရောက်ရှိလာကြသူများအား မိမိတို့မူလရည်ရွယ်ချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဒေါက်တာစန်းအောင်မှ ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အခြခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး စသည့် သိထားသင့်သည့် အသိပညာ များကိုသင်ကြားပေးသွားမည်ဖြစ်ပါသည်။

my_MMMyanmar