New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံ စက်ချုပ်သင်တန်း အပတ်စဉ် (၂၃) သင်တန်းဆင်းပွဲကို (၂၄-၁၁-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြရာသင်တန်းကို အောင်မြင်ပြီး‌မြောက်သည့်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ/သင်တန်းသား (၉) ယောက်ကို New Myanmar Foundation ၏ တာဝန်ခံ ဒေါက်တာစန်းအောင်မှ အသိုင်းအဝိုင်းချဲ့ကြရန် နှင့် ဗဟုသုတ အချင်းချင်းလည်း မျှဝေကြရန် လိုကြောင်း ၊ အခက်အခဲတွေရှိပေမယ့် ကျော်ဖြတ်ရင်းမောင်နှမ အရင်းသဖွယ် စောင်ရှောက်ရင်း ခရီးဆက်ကြစေလိုကြောင်း ၊ New Myanmar Foundation ၏ ကူညီနေမှုများ ဆောင်ရွက်နေမှုများကို ရှင်းပြခြင်းပြုခဲ့ပြီး တန်ဘိုးရှိရှိ အသုံးပြုနိုင်ကြောင်းနှင့် ကိုယ့်နိုင်ငံအရေးကို မမေ့ကြရန် တိုက်တွန်း အားပေးမှာ ကြားခဲ့ပါသည်။


ဆက်လက်၍ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ အထည်ချုပ်ပညာဆိုသည် ဒေသတစ်ခုတည်းမှာ အသုံးပြုနိုင်တဲ့ ပညာမဟုတ် ကျယ်ကျယ်ပြန့်ပြန် နိုင်ငံတိုင်းမှာ အသုံးဝင်တာမို့ စနစ်တကျ ဆက်လက်ကြိုးစားကြရန် အားပေးကြောင်း ၊ အချင်းချင်းစောင့်ရှောက်ကြရန်နှင့် ဖုန်းများ ၊ Group များမှ တဆင့် ဆက်သွယ်တိုင်ပင်နိုင်ကြောင်း၊ ရောက်ရှိနေရာတိုင်းမှာ ကိုယ့်ဂုဏ် – နိုင်ငံဂုဏ် ကို မြှင့်တင်နိုင်တဲ့ သားကောင်း သမီးကောင်း တွေအဖြစ် နေထိုင်သွားကြရန် မှာချင်ပါကြောင်း ပြောကြားခဲ့ပါသည်။
သင်တန်းတက်ရောက်သူ သင်တန်းသူ/သားများကလည်း သင်တန်း၏ အားနည်းချက် အားသာချက်များကို ဆွေးနွေး တင်ပြကြပါသည်။အခမဲ့ အခြေခံ မော်တာနင်းစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက –


၁။ လူ့အခွင့်အရေး၊
၂။ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး၊
၃။ အမျိုးသမီးအခွင့်အရေး၊
၄။ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေ၊
၅။ ထိုင်းနိုင်ငံအလုပ်သမားများနှင့် သက်ဆိုင်သော အစိုးရဌာနများ၊
၆။ အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြစ်တတ်သော ပြဿနာများနှင့် ဖြေရှင်းရန် နည်းလမ်း များကိုပါမျှဝေခဲ့ပါသည်။
သင်တန်းဆင်းပြီးနောက် သင်တန်းသူ/သား (၉)ဦးကိုလည်း အလုပ်ခွင်သို့ ပို့ဆောင်ပေးခဲ့ပါသည်။
အခမဲ့အခြေခံမော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Smile Project နှင့် Australian Aid ကိုလည်း ကျေးဇူး အထူးတင်ရှိပါသည်။

my_MMMyanmar