အခြေခံမော်တာနင်းစက်ချုပ်သင်တန်း အပတ်စဥ် ( ၁၂ ) သင်တန်းသားများ ခေါ်ယူခြင်း|

သို့

ခေါင်းဆောင်များ၊ မိတ်ဆွေများ အားလေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။

(၅) ရက်ကြာ စရိတ်ငြိမ်း မော်တာနင်းစက်ချုပ်သင်တန်းကို (၂၀-၇-၂၀၂၂) မှစတင်ဖွင့်လှစ်မည် ဖြစ်ပါသဖြင့်သင်တန်းတက်ရောက်လိုသူများအနေဖြင့် သင်တန်းမှ ချမှတ်ထားသည့်စည်းကမ်းချက်များကိုလိုက်နာနိုင်ပါက အောက်ပါ Google Form ကို ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။

စည်းကမ်းချက်များ

၁။ သင်တန်းကာလ (၅) ရက်အတွင်းသင်တန်းကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေထိုင်ရမည်။

၂။ သင်တန်းချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ ထိဖြစ်ပါသည်။

၃။ ညနေ (၆း၀၀) နာရီ မှ (၈း၀၀) နာရီထိ လူ့အခွင့်အရေးသင်တန်း နှင့် အမျိုးသမီးအခွင့်အရေးသင်တန်းများ တက်ရောက်ကြရမည်။

၄။ လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

၅။ သင်တန်းသားများတစ်ဦးနှင့်တစ်ဦးယဥ်ကျေးစွာဆက်ဆံရမည်။

၆။ သင်တန်းကာလအတွင်းပြင်ပသို့ ထွက်ခွာခွင့် မပြုပါ။

၇။ သင်တန်းပြင်ပသို့ထွက်ခွာလိုသည်ံ ကိစ္စ၊ အကြောင်းအရာရှိပါက သင်တန်းမှုးထံ ခွင့်ပြုချက်တောင်းခံရမည်။

၈။ သင်တန်းပြီးဆုံးအောင်ထိသင်ယူရမည်။

Form Link – https://forms.gle/7N4kGsCuxPMJD9tb7

လေးစားစွာဖြင့်

Dr sann Aung

အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်မျာထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Mai Hnin Wit Yi

Ph: 0635320974(Thai), Email: info@wlrcmyanmar.info

my_MMMyanmar