New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း (၁၀) ရက်ကြာ ဖွင့်လှစ်မည့် အပတ်စဉ် – (၂၅) သင်တန်းဖွင့်ပွဲ ကို (၁၅-၁၂-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

ဦးစွာ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ – ကိုယ့်အားကိုယ်ကိုးမယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ သင်တန်းကျောင်းကို ရောက်ရှိလာတာဖြစ်လို့ ဂုဏ်ယူကြောင်း ၊ အသိုင်းအဝိုင်းချဲ့ကြစေရန်နှင့် စနစ်တကျ‌ ကြိုးစားသင်ယူကြရန် ၊ New Myanmar Foundation သည်လည်း တစ်ထောင့်တစ်နေရာက ကူညီပေးနေတာမို့ လိုအပ်သည်များ စည်းကမ်းတကျ ရယူနိုင်ခွင့်ရှိကြောင်း ၊ အားပေးနေပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ WLRC ၏သင်တန်း ဖွင့်လှစ် ပေးရခြင်း ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြသော သင်တန်းသူ / သား (၈) ဦး ကို ကြိုဆိုကြောင်း ၊ အထည်ချုပ်ပညာ ဆိုတာ ဒေသအသီးသီး နိုင်ငံအသီးသီးမှာ အသုံးချခွင့်ရသော ပညာတစ်ခုဖြစ်တာကြောင့် အခုလိုသင်တန်း တက်ရောက် လာသူ တစ်ဦးချင်းကို အားပေးကြောင်း ၊ အချင်းချင်း ညီအကိုမောင်နှစိတ်ဓါတ်ဖြင့် ရောက်ရှိနေရာတိုင်းမှာ စောင့်ရှောက် ကြရင်း ဗဟုသုတမျှဝေခြင်းပြုကြရန် ၊ အချိန်ပညာကိုတန်ဖိုးရှိရှိ စည်းကမ်းတကျ သင်ယူကြဖို့ တိုက်တွန်းလိုကြောင်း ပြောခဲ့ပါသည်။
သင်တန်းသားများမှလည်း တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ပါသည်။

အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး စသည့် သိထားသင့်သည့် အသိပညာများကိုလည်း ဝေငှ ပေးသွားမည် ဖြစ်ပါသည်။
အခြေခံ မော်တာနင်း စက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Asia Democracy Network – ADN နှင့် Australian Aid ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

my_MMMyanmar